Monday, December 20, 2010

သူငယ်ချင်းဆိုတာ

ဒီနေ့ သူငယ်ချင်းအသစ်တစ်ယောက်ရတယ် သူ့ ကို သူငယ်ချင်းဖြစ်ပြီနော် လို့ ပြောလိုက်တဲ့အချိန်မှာ ခေါင်းထဲကို အတွေးတစ်ခုဝင်လာတယ် သူငယ်ချင်းဆိုတာ ဘယ်အရာကို ခေါ်ပါလိမ့်,,,,,,,,,
ငယ်ငယ်တုန်းကဆိုရင်တော့ သူငယ်ချင်းဆိုတာ ကစားဖော် ကစားဖက် ရန်ဖြစ်ဖေါ် ရန်ဖြစ်ဖက် လုဖော် လုဖက်တွေပေါ့ ရန်ဖြစ်ပြီး ပြန်မခေါ်ပဲမနေနိုင်တဲ့သူတွေကလည်း သူငယ်ချင်းတွေပဲပေါ့,,,,,,,,
နဲနဲလေးကြီးလာတော့ ဆိုးဖော် ဆိုးဖက် စိတ်ကူကိုယ်တူ ရွယ်တူလေးတွေ သူငယ်ချင်းဖြစ်ကြပြန်တယ်,,,,
အသက် ၂၀ ကျော်အရွယ်ရောက်တော့ သူငယ်ချင်းဆိုတာ တိုင်ပင်ဖော် တိုင်ပင်ဖက် တီးတိုးဆွေးနွေးဖော်ပဲလို့ ထင်မှတ်လာတယ်  ကိုယ်ကြုံတွေ့ သမျှ ခံစားချက်တွေ ထွက်ကျလာတိုင်း စိတ်ပါဝင်စားစွာ နားထောင်ပေးပြီး ဘယ်အရာကတော့ဖြင့် သင့်တယ် ဘယ်အရာကတော့ဖြင့် မသင့်ဘူး ဆိုပြီး ဝေဖန်ထောက်ပြတတ်တဲ့ သူငယ်ချင်းတွေ ရှိသလို  သူက ဘာသင်တန်းတွေတက်ပြီး ဘာတွေလုပ်နေပြီ ငါလည်း သူထက်သာအောင် လုပ်အုံးမှလို့  ဆိုပြီး နောက်ကွယ်မှာ ကြိတ်ပြိုင် ရှေ့ရောက်ရင်တော့ သူက အကောင်းဆုံး လိုလို နေပြတတ်တဲ့သူတွေကိုလည်း သူငယ်ချင်းတော်ရသေးတယ်  တကယ်တော့ သူငယ်ချင်းကောင်းဖြစ်ချင်သူဟာ တစ်ယောက်ကို တစ်ယောက် မကောက်မကွေ့ ပဲ အချင်းချင်းကူညီရိုင်းပင်းပြီး ဖေးမပေးတတ်သူတော့ ဖြစ်သင့်ပါသည် ,,,,,,
အချိန်ကာလတွေ ရွေ့ လျားလာသလို ပတ်ဝန်းကျင်တွေမှာလည်းပြောင်းလဲနေတတ်တယ်,,, မတူညီတဲ့အရာတွေနဲ့  ကွဲပြားခြားနားတဲ့လူတွေ ကြားထဲမှာ တူညီတဲ့ ခင်မင်မှုတွေကို ထိန်းသိမ်းရင်း ဖြူစင်တဲ့သူငယ်ချင်းပေါင်းများစွာ နားလည်မှု ဖလှယ်နိုင်ကြပါစေလို့ ,,,,,,

သူငယ်ချင်း
သူလည်းပေ ကိုယ်လည်းတေ
မေ့မရတဲ့ ဘဝတွေ
အဆူခံ တကွ ပူအမျှ
ဝေးခဲ့တဲ့ အတိတ်မှာ
သတိရစရာကို မမေ့တတ်တဲ့စိတ်နဲ့ 
ကြုံဆုံရတဲ့ ဆူးနွံကြီးထဲ
ရုံးရင်း ကန်ရင်း ရှေ့ ရောက်အောင်
ကြိုးစားထွက်မယ့်မာန်အပြည့်နဲ့ 
သူငယ်ချင်းရေ
ဒီနွံက လွတ်
ရွှေပန်းတိုင် အရောက်
တို့ လက်တွေ တစ်သက်မဖြုတ်စတမ်းနော်,,,,

ဒီမိုးဆူး

No comments: