Thursday, December 23, 2010

မဆုံတဲ့လမ်း

* ဒီဆောင်းလေရဲ့ တစ်ချက်အဝှေ့ 
  ဖျတ်ကနဲ ပျောက်သွားတဲ့ ရင်ခုန်သံကြား
  လွမ်းဆွတ်မှု အင်္သချေ ပါသွားလေရဲ့,,,,,,,,,,

* ခွဲခွာခြင်း လမ်းမအထက်
  သတိရမိတဲ့ တစ်စုံတစ်ရာ
  ဖြတ်မောင်း သွားတော့
  နှလုံးသားဝန်းကျင် တစ်ခုလုံး
  ဖုန်ထူခဲ့ရပေါ့,,,,,,,

* ဝေဒနာဆိုတာ ချိုသလား ခါးသလား ရယ်လို့ 
  အကြိမ်ကြိမ် မေးမိတိုင်း
  ဆွံအမှုနဲ့ အတူ
  ငြိမ်သက်သွားကြရဲ့လေ,,,,,,,,,

* အဖြေမဲ့ ပြသနာတွေထဲမှာ တစ်ဝဲလယ်ရင်း
  နယူတန် နဲ့  ပိုက်သာဂိုရပ် ကိုများ
  ညီမျှချင်း ချမိလေသလား,,,,,,

* ဝေဝါးနေတဲ့ အနာဂါတ်ထဲ
  ရေရာမှုမရှိတဲ့ မျှော်လင့်ချက်နဲ့ 
  စမ်းတစ်ဝါးဝါး ခြေလှမ်းတွေကို အားပြုရင်း
  ကောင်မလေးရေ,,,,,
  မင်းဆုပ်ကိုင်ထားတဲ့
  ရင်ခုန်သံ မော်လီကျူး တွေကို
  Balance ညှိဖို့ 
  အချစ် O2 တွေ အပြည့်ဖြည့်
  အမောတကော လိုက်မိတဲ့ ကိုယ်
  သတိရလို့  ကြည့်မိလိုက်တော့
  လမ်းလွဲနေခဲ့ပြီလေ,,,,,,,


ဒီမိုးဆူး

No comments: