ကျွန်မဒီရက်တွေထဲမှာ သိပ်အိပ်မပျော်လှပါ။ ကျွန်မရဲ့ပတ်စ်ပိုစ့်က သက်တမ်းကုန်ခါနီးတာမို့  ၂ နှစ်စာ အခွန်ဆောင်ဖို့ ၊ စာအုပ်အသစ်လုပ်ဖို့ စသဖြင့် တွက်ချက်ကြည့်လိုက်တော့ စလုံးဒေါ်လာ ၂၀၀၀ နီးပါး လျောနိုင်တာမို့  ရင်တုန်ပန်းတုန်ရှိလှသည်။ ဒီရက်ပိုင်းမှာမှ မြန်မာနိုင်ငံတွင် အခွန်များကို ၁၀ % မှ ၂% လျော့ဆောင်ဖို့ ကြေငြာချက်ထုတ်သည်ဆိုတော့ ကျွန်မမှာဝမ်းသာလိုက်သည့်အမျိုး။ သို့ ပေမဲ့ ဒီကသံရုံးမှာ အတည်ဖြစ်ပြီလား၊ ဘယ် ၂% ကို ဆောင်ခိုင်းတာလဲ စသဖြင့် ကျွန်မ တိတိကျကျ သိဖို့ လိုလာသည်။
ဒီနေ့ တော့ ရုံးက ဖိလစ်ပင်းမလေးကိုယ်စား ဂျာဂျာကြီးရဲ့ပတ်စ်ပိုစ့် မြန်မာနိုင်ငံသွားဖို့ ဗီဇာ လျှောက်ထားတာ သွားယူပေးဖြစ်ပါတယ်။ ကျွန်မစလုံးမှာ အလုပ်လုပ်တဲ့ သက်တမ်း ၂ နှစ်ကျော်အတွင်းမြန်မာသံရုံးကို မရောက်ဖူးဘူးလို့ ဖြေတော့ သူမက အံ့သြတကြီးမျက်လုံးတွေနဲ့ ကြည့်ကာ တကယ်မရောက်ဖူးတာလား လို့ လည်း ထပ်ကာမေးပါသည်။ နောက် သူမက သံရုံးကိုသွားသင့်တယ်တဲ့။ တစ်ခုခု ဘာပြသနာပဲရှိရှိ နိုင်ငံရပ်ခြားမှာ သူတို့ ကပဲကူညီဖြေရှင်းပေးနိုင်တာတဲ့။ ကျွန်မဘာကြောင့်မရောက်ဖြစ်တဲ့အကြောင်းသူမကို ထူးပြီး ရှင်းမပြတော့ပါ။ ကျွန်မကိုယ်တိုင်လည်း မြန်မာသံရုံးမှာ တစ်ခါမှ အကူအညီမတောင်းဖူးပဲ အခြားသူငယ်ချင်းများဆီမှလည်း သူမပြောသလိုကူညီပေးနိုင်တယ်ဆိုတဲ့ သတင်းမျိုးမကြားဖူးလေတော့ အတတ်မပြောတတ်ပေ။ တကယ်တမ်း ကျွန်မကိုယ်တိုင်က ပတ်စ်ပိုစ့်အသစ်လုပ်ဖို့ ၊ သက်တမ်းတိုးဖို့ ၊ အခွန်ဆောင်ဖို့  စတဲ့အကြောင်းအရာတွေရှိမှသာ သံရုံးကိုသွားဖို့ လိုအပ်သည်လို့ ထင်နေရာ အခြားအကြောင်းအရာတွေနဲ့ ပတ်သတ်သမျှ သံရုံးအကြောင်း ယောင်လို့ တောင် ခေါင်းထဲမထည့်မိပေ။
ဒါနဲ့ ပဲ ကျွန်မလည်း မကြာခင် အခွန်ဆောင်ဖို့ ရှိသည့်အတွက် အခုကတည်းက ရောက်ဖူးအောင် သွားပေးမည်ဆိုကာ ထွက်လာခဲ့သည်။ တက်စ်စီငှားစီးတော့ ကုလားအဖိုးကြီးတစ်ဦး၊ ဘယ်လဲလို့ အရင်မေးသည်။ မြန်မာသံရုံးဆိုတော့သူမသိဘူးလိပ်စာပြောတဲ့။
လိပ်စာရွတ်ပြလိုက်တော့လည်း နေရာမသိတဲ့။ ဒါနဲ့  နောက်တစ်စီးပေါ့လေ။ အဲ့ဒီ အန်ကယ်ကတော့ သူကြားဖူးတယ်တဲ့။ အမလေး တော်သေးတာပေါ့။ ကမန်းကတန်းတက်လိုက်မိသည်။ နာရီဝက်လောက်တော့ မောင်းလိုက်သည်နဲ့ တူသည်။ မီးပွိုင့်မိတိုင်း မြေပုံလေးထုတ်ပြီး လမ်းတွေကြည့်နေသည့်အန်ကယ်ကို ကြည့်ကာ ရောက်မှ ရောက်ပါ့မလား ထင်မိသည်။ နောက်ဆုံး ရှာတွေ့ ပါသည်။ အန်ကယ်ကတော့ သူ မရောက်တာ အတော်ကြီးကို ကြာနေလို့ ပါတဲ့။ ဘာပဲဖြစ်ဖြစ် ရောက်လာတာပဲတော်လှပြီ။ ကျေးဇူးအန်ကယ်လို့ ပြောပြီး ဝမ်းသာအားရဆင်းလာမိတာ ကားခလက်ခံဖြတ်ပိုင်းတောင်းဖို့ မေ့သွားသည်။ ရှိစေတော့။
သံပန်းတံခါးပေါက်အသေးလေးကနေ အသာဝင်လိုက်တော့ ညာဘက်ထောင့်လေးမှာ အဆောက်အဦးတစ်လုံးရှိနေကာ အပေါက်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ရေကစားမဏ္ဍပ်လို အမိုးလေးအောက်မှာ ခုံအပြည့်တို့ နိုင်ငံသားလေးတွေထိုင်နေတာတွေ့ ရသည်။ ရုံးကတော့ ဒီအဆောက်အဦးပဲဖြစ်ရမယ်ဆိုပြီး တံခါးတွန်းဖွင့်ပြီးဝင်လိုက်တော့ အထဲမှာလည်း လူတွေအပြည့်တွေ့ ရပြန်သည်။ ကောင်တာ(၁)၊ (၂) စသဖြင့် မျက်စိတစ်ဝေ့အောက်မှာတင် ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ စာရတမ်းလေးတွေကိုကြည့်ရင်း ဗီဇာ ဆိုတဲ့ကောင်တာကိုအရောက် အန်ကယ်ကြီးတစ်ယောက် ထိုင်နေတာတွေ့ သည်။ အခြားကောင်တာတွေမှာ ကြိတ်ကြိတ်တိုးနေသလောက် ဒီကောင်တာမှတော့ တစ်ဦးတစ်ယောက်မှ မရှိချေ။ ဒါနဲ့ ပဲ ဗီဇာကောင်တာသွားလို့  အန်ကယ်ကြီးကို ရယ်ပြရင်း ဗီဇာလျှောက်ထားတာ ပတ်စ်ပိုစ့်လာယူတာပါလို့  မြန်မာလိုပဲ ခပ်မြန်မြန်ပြောလိုက်ပါသည်။ အန်ကယ်ကြီးက ဘာမှမပြောပဲ လက်ဖြန့် ပြီး ဖြတ်ပိုင်းပေးဆိုတဲ့ပုံစံနဲ့ တောင်းသည်။ ကမန်းကတန်း ကိုယ်ယူလာတဲ့ ဖြတ်ပိုင်းလေးကိုထုတ်ပေးတော့ သူကလည်း အသင့်ရှိထားပြီးသားပတ်စ်ပိုစ့် စာအုပ်များမှ ဂျာဂျာကြီးရဲ့စာအုပ်ထုတ်ကာ ဖြတ်ပိုင်းနဲ့ တကွပြန်ပေးပါသည်။
ဒါနဲ့ ကျွန်မလည်း "အန်ကယ် အခွန်နှုန်းတွေနဲ့ ပါတ်သက်ပြီးသိချင်လို့ ပါ" လို့ မေးတော့ သူက " ,,,,,,," ဆိုပြီး ပြန်ဖြေပါသည်။ ကျွန်မလည်း မကြားရတာနဲ့  ဆောရီး မကြားလိုက်လို့ ပါဆိုတော့ အန်ကယ်ကြီးက တစ်လုံးခြင်းပြန်ပြောပါသည်။ "I can't speak Myanmar Language." တဲ့။ သေရော ... အိုကေအိုကေ ဆိုကာ ကိုယ်လည်းဘိုလိုပြန်မေးကာမှ ဘာမှမဖြေပဲ ခေါင်းခါပြီး တစ်ဘက်ကောင်တာသို့ လက်ညွှန်ပြတော့သည်။
သူမသိတာလား။ သူပြောပြလို့ မရတာလား။ ကျွန်မထပ်မမေးချင်တော့သောကြောင့်
ကျေးဇူးလို့ သာပြောရင်းလှည့်ထွက်ခဲ့မိသည်။ နောက်မှ သူငယ်ချင်းကပြောပြသည်။ အဲ့ကောင်တာက အန်ကယ်ကြီးက မြန်မာလို့ မပြောတတ်ပါတဲ့။ ဒီဘက်လူများတန်းစီနေရာရောက်တော့ အစ်မတစ်ယောက်နားသို့ကပ်ကာ အခွန်လျော့တဲ့အကြောင်း မသိမသာမေးကြည့်တော့ "မဟုတ်သေးပါဘူး ညီမရယ်။ အခု အစ်မလည်း အရင်နှုန်းနဲ့ ပဲဆောင်တာတဲ့။" ကဲ ဒါဖြင့် ဒီမှာပဲ ဆုံးပြီပေါ့။ ဘာပဲဖြစ်ဖြစ် နောက်လထဲမှာ ကျွန်မ ပတ်စ်ပိုစ့်စာအုပ်အသစ်လဲဖို့ ၊ အခွန်ဆောင်ဖို့  သံရုံးကို ထပ်သွားရပါအုံးမယ်။ ဒီနေ့ ကတော့ တက်စ်စီအသွားအပြန် ၁နာရီခွဲလောက်စီးလိုက်ရလို့  ခေါင်းမူးပြီးသာ
ပြန်လာခဲ့ရပါသည်။ ။
8 comments:
သံရုံးက ပုဂ္ဂိုလ်ကြီးက မြန်မာစကားမပြောတတ်တာတော့ ထူးထွေတည့် အံ့ရာသော်ပါကလား...ဘာလူမျိုးမို့ပါလိမ့်နော်...နောက်တစ်ခါကျရင် ကုလားလိုပြောကြည့်ဖို့ ကောင်းတယ်...ဟရေးဘာပူ...ချားစီးမလား လို့ ...
ဗီဇာငှာနက အန်ကယ်ကြီးက အဲဒီနိုင်ငံက လူပါ..
အင်္ဂလိပ်၊ မန်ဒရင်းနဲ့ ဒိုင်ယာလက်ပဲ ပြောတတ်တယ်..
ရှက်ရှက်နဲ့ ၀န်ခံရရင် ကျွန်တော်လည်း သံရုံးကို ပထမဆုံး တစ်ခေါက်ရောက်တုန်းက အဲဒီ အန်ကယ်ကြီးကိုပဲ မြန်မာလို သွား ပြောဖူးပါတယ်..
ကိုယ့်မျက်စေ့ထဲမှာ အဲဒီအန်ကယ်ကြီးက ပိုပြီးတော့ approachable ဖြစ်တယ်လို့ မြင်မိလို့ပါ..
သံရုံးက မြန်မာတွေ အသိတရားရှိရင် ရှက်သင့်ပါတယ်..
ဆရာဟန်ကြည် >>> အရင်ဆုံးလာဖတ်ပြီး မန့် တာကျေးဇူးပါ :)
Anonymous >>> နာမည်လေးထားခဲ့ရင်ကောင်းမယ်နော်။ တကူးတကလာဖတ်ပြီး အရေးတယူမန့် ခဲ့လို့  မှတ်မိချင်လို့ ပါ ...
ဟုတ်တယ်ဗျ။ အဲ့အန်ကယ်ကြီးက တကယ်သဘောကောင်းတဲ့ရုပ်ကြီး ...
အများကြီးပဲ အခွန်ဆောင်ရမှာ နှမြောထှာ တော်ပြီင်္ စလုံးက ကိုယ့်ကို ခေါ်တဲ့အလုပ်ကိုသွားတော့ဘူးး)
သံရုံးဆိုတာ အသံတွေ မာမာနဲ့ပြောတဲ့နေရာများလားမသိ ဟဟား
ဟ ဟား .. မှန်လိုက်လေ ..မောင်မျိုးရယ်
jas တော့သံရုံးဆိုရင် ကြောက်ပါပြီ
လို့သာပြောလိုက်ချင်တယ်...
ဘာမှ မပြောတော့ပါဘူးနော်
မီးမီး ကြောက်ကြောက်.....
ဒါဆိုသဘောပေါက်....
ကဗျာလေးရေးခဲ့တာပါ။
နောက်လ သံရုံးကိုသွားရလို့ အခွန်ဘယ်လောက်နှုန်းနဲ့ ဆောင်ရတယ်ဆိုတဲ့ ကိစ္စအ၀၀လည်း တင်အုံးနော်၊ သံရုံးသွား တောလား ပို့စ်
အသစ်တွေစောင့်မျှော်နေတာပါ၊
ချမ်းချမ်း
jasmine >> မပြောလည်း သိပါပြီဗျာ ..သဘောလည်းပေါက်ပေါက် :P
ချမ်းမြေ့ရင် >> ဟုတ်ကဲ့ ဆက်ဆက်တင်ပါအုံးမယ်လို့  ..လာအားပေးတာ ကျေးဇူးပါနော် .. :)
Post a Comment